ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကုလသမဂ္ဂလက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဒိန်းမတ်အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ ပို့ဆောင်ရေးနှင့် မိတ်ဖက်များဆိုင်ရာ ဒုတိယအမှု ဆောင်ညွှန်ကြားရေးမှူး Ms. Kirstine Damkjaer နှင့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် UNOPS က မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် အစီအစဉ်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ကြီးများနှင့် UNOPS မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။