FERD သတင်းများ

ထားဝယ်အထူးစီးပွားရေးဇုန် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသို့ ဝန်ဆောင်မှု များပေးအပ်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံမှ Foreign Economic Relations Department-FERD၊  ထိုင်းနိုင်ငံမှ Neighbouring Countries Economic Development Cooperation Agency- NEDA နှင့် ဂျပန်နိုင်ငံမှ Japan Bank for International Cooperation- JBIC တို့အကြား ပူးပေါင်းတည်ထောင်ထားသည့် ထားဝယ်အထူး စီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (SPV) ၏ Board of Directors’ Meeting (1/2021) နှင့် The Annual General Meeting of Shareholders of 2021 အစည်းအဝေး များကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပ သည်။
အဆိုပါ အစည်းအဝေးများသို့ မြန်မာဘက်မှ ဒါရိုက်တာများအဖြစ် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင် နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ကျော်နိုင်တို့က ဦးဆောင်၍ လည်း ကောင်း၊ ထိုင်းနိုင်ငံ NEDA ၏  President ဖြစ်သူ Mr.Perames Vudthitornetiraks နှင့် ဂျပန်နိုင်ငံ JBIC ၏ Director General ဖြစ်သူ Mr. Naoki Tamaki တို့က ဦးဆောင်၍ လည်းကောင်း မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ SPV ၏ ဒါရိုက်တာများ၊ ရှယ်ယာရှင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်တက်ရောက်သည်။
အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေး ဇုန်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် SPV ကုမ္ပဏီ၏ ရှေ့ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း၊ SPV ကုမ္ပဏီ၏ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာ ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးညှိနှိုင်းကြသည်။