FERD သတင်းများ

အာဆီယံမဏ္ဍိုင် (၃) ရပ်မှ အဆင့်မြင့်အရာရှိ များ၏ ပူးတွဲညှိနှိုင်းအစည်းအဝေး (Joint Consultative Meeting - JCM) ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးရှိ နိုင်ငံ ရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးမဏ္ဍိုင်၊ လူမှုယဉ် ကျေးမှုမဏ္ဍိုင်တို့မှ အဆင့်မြင့်အရာရှိများနှင့် ကိုယ် စားလှယ်များ၊ အာဆီယံအတွင်းရေးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ပါဝင်တက် ရောက်ပါသည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံ စီးပွားရေးအသိုက်အဝန်းဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စား ပြုအနေဖြင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်စောကလျာစု ပါဝင် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ၂၀၂၅ အလွန် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်ရေးဆွဲရေး ဆိုင်ရာကိစ္စ များ၊ အာဆီယံအသိုက်အဝန်းပုံစံ ၂၀၂၅ အတွက် မဏ္ဍိုင် (၃) ရပ်မှ ကာလလယ် သုံးသပ်ချက်များနှင့် အကြံပြုချက်များ၊  စတုတ္ထစက်မှုအသွင်ကူးပြောင်း ရေးအတွက် ရေးဆွဲလျက်ရှိသည့် Consolidated Strategy ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ ၂၀၂၁ ခုနှစ်အတွင်းကျင်းပမည့် (၃၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အရေးပေါ်နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အာဆီယံတုံ့ပြန်မှု အစီအစဉ် ထုတ်ပြန်ကြေညာနိုင်ရေးကိစ္စ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံး၌ အစည်းအဝေးများ လက်ခံကျင်းပရေး ဆိုင် ရာကိစ္စ၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကို တုံ့ပြန်ရန် ဒေသတွင်း၌ဆောင်ရွက်လျက်ရှိသည့် အာဆီယံဘက်စုံ ပြန်လည် ထူထောင်ရေးမူဘောင်နှင့် အဆိုပါမူဘောင် ၏ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ များ၊ COVID-19 ကမ္ဘာ့ကပ်ရောဂါ တုံ့ပြန်ရေး ရန်ပုံငွေ နှင့် ကာကွယ်ဆေးဝယ်ယူမှု အခြေအနေ၊ ASEAN Travel Corridor Arrangement မူဘောင်‌ရေးဆွဲနိုင် ရေး၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေနှင့် အရေးပေါ် ကျန်းမာရေးနှင့် အသစ်ပေါ်ထွန်းလာသည့် ရောဂါများ အတွက် အာဆီယံစင်တာ ထူထောင်ရေးကိစ္စများ၊ အာဆီယံမဏ္ဍိုင်များအကြားနှင့် ကဏ္ဍများအကြား ပေါင်းစပ်ညှိနှိုင်းရမည့် ကိစ္စရပ်များနှင့် အာဆီယံ ပေါင်းစပ်ဆက်သွယ်မှုမဟာစီမံကိန်း ၂၀၂၅ ၏ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ၂၀၂၂ ခုနှစ်၌ အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်မည့်  ကမ္ဘောဒီးယားနိုင်ငံက ကျင်းပရန် လျာထားသည့် အစည်းအဝေးများ နှင့်စပ်လျဉ်းပြီး အကျဉ်းချုပ် တင်ပြခဲ့ပါသည်။