FERD သတင်းများ

မြန်မာနိုင်ငံ၏ အာဆီယံအဆင့်မြင့်စီးပွားရေး အရာရှိဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက် သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင် သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအဆင့်မြင့်စီးပွားရေး အရာရှိများ၏ (၂/၅၂) ကြိမ်မြောက် အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့ပါ သည်။ အစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ အဆင့်မြင့်စီးပွားရေးအရာရှိများနှင့် ကိုယ်စား လှယ်များ၊ အာဆီယံအတွင်းရေးချုပ်ရုံးက ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပါသည်။အစည်းအဝေးတွင် အာဆီယံ၏ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ထောက်ပံ့ မှုကွင်းဆက် တည်ငြိမ်စေရန် ရည်ရွယ်‌အကောင် အထည်ဖော်လျက်ရှိသည့် အကောက်ခွန် မဟုတ်သော အတားအဆီးများဖယ်ရှားရေး နားလည်မှု စာချွန်လွှာ အရ စားသောက်ကုန်များကို မရှိမဖြစ်လိုအပ်သည့် အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်ခြင်း၊ဘရူနိုင်း နိုင်ငံက အာဆီယံ ဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ်အတွင်း ဦးစားပေးဆောင်ရွက်မည့်စီးပွားရေးဆိုင်ရာ ကိစ္စရပ် များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အေအီးစီ ၂၀၂၅ လမ်းပြမြေပုံ အကောင်အထည်ဖော်မှုအောက်ရှိ ၂၀၂၁ ခုနှစ်အတွက် ဦးစားပေးအကောင်အထည်ဖော် ရမည့် လုပ်ငန်းများ အကောင်အထည်ဖော်မှု အခြေ အနေများ၊ အာဆီယံဘက်စုံ ပြန်လည် ထူထောင်ရေး မူဘောင်နှင့်လုပ်ငန်းစဉ်တို့၏ အကောင်အထည်ဖော် မှုအခြေအနေများ၊ချုပ်ဆိုပြီးသည့် အာဆီယံစီးပွားရေး ဆိုင်ရာ သဘောတူစာချုပ်များ ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် နောင်အနာဂတ်၌ ချုပ်ဆိုမည့် အာဆီယံ စီပွားရေးဆိုင်ရာ သဘောတူ စာချုပ်များတွင် အသက်ဝင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက် များ တစ်ပြေးညီ ဖြစ်စေရေးအတွက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် တီမောလတ်စ်တေနိုင်ငံက အာဆီယံသို့ ဝင်ရောက်ရန် လျှောက်ထားမှုအတွက် အာဆီယံစီးပွားရေး အသိုက်အဝန်းအနေဖြင့် ဆောင် ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအပေါ်  အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် အဆင့်မြင့်စီးပွားရေး အရာရှိ များ၏ လမ်းညွှန်မှုအောက်ရှိ ဘာသာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းများ အကောင်အထည် ဖော်မှု တင်ပြချက်များအပေါ် ညှိနှိုင်းဆွေးနွေး လမ်းညွှန်မှုများ ပြုလုပ်ခဲ့ပါသည်။
ထို့အပြင် ၂၀၂၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ အာဆီယံ-အမေရိကန်၊ အာဆီယံ-ကိုရီးယား၊ အာဆီယံ-ဂျပန်၊ အာဆီယံ-ကနေဒါ၊ အာဆီယံ အပေါင်းသုံး၊ အာဆီယံ- အိန္ဒိယနှင့် အာဆီယံ-တရုတ် အဆင့်မြင့်စီးပွားရေးအရာရှိ အစည်းအဝေးများကို လည်း  ဆက်လက်ကျင်းပခဲ့ရာ ပါဝင်တက်ရောက်ခဲ့ပါ သည်။  အဆိုပါ အစည်းအဝေးများတွင် အာဆီယံနှင့် ဆောင်ရွက်နေသည့် လွတ်လပ်သောကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုများ၊ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုများနှင့်ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ဒေသတွင်း စီးပွားရေး ပြန်လည်ထူထောင်မည့် အစီအစဉ်များကို အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။