FERD သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ Mr. Tan Shufu (Economic and Commercial Counsellor)၊ Mr. Zhang Long (First Secretary)၊ Mr.Huang Taijing (Third Secretary) နှင့် Ms. Wang Kun (Third Secretary) တို့နှင့် ရန်ကုန်မြို့၌ တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ တရုတ်နိုင်ငံ အကူအညီများဖြင့် အကောင်အထည်ဖော်မည့်        စီမံကိန်းများကို ဆိုင်းငံ့ခြင်းမရှိဘဲ ဆက်လက် ဆောင် ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်စည်များလွယ်ကူ ချောမွေ့စွာတင်သွင်း တင်ပို့နိုင်ရေးကိစ္စရပ်များ၊ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ Covid-19နှင့် လတ်တလော နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဖြစ် ပေါ်သည့် ဆိုးကျိုးသက်ရောက်မှုများကို ကုစားရေး ဆိုင်ရာကိစ္စရပ်များ၊ ပညာသင်ဆုနှင့် သင်တန်းများ ဆက်လက်ပံ့ပိုးပေးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် အိန္ဒိယနိုင်ငံသံရုံး မှ Ms. Nabanita Chakrabarti(Deputy Chief of Mission)နှင့် Mr. Jitendra Rawat(First Secretary, Development Cooperation)တို့နှင့် နေ့လည်စာ သုံး ဆောင်ရင်း အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ထက်မပို သော မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ အတွက် စီမံကိန်း ၃၂ ခုကို အဆိုပြုထားပြီးဖြစ်၍ အလျင် အမြန်အကောင်အထည်ဖော်နိုင်ရေး ကိစ္စရပ်များ၊ အမေရိကန်ဒေါ်လာ ၂ သန်း ထက်မပိုသော အသေး စားဖွံ့ဖြိုးမှုစီမံကိန်းများ(Small Development Project - SDP) အတွက် မိမိတို့နိုင်ငံမှ အဆိုပြုထား သည့် စီမံကိန်း ၂၃ ခုနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ Covid-19 ကာကွယ်ကုသဆေးများ ပံ့ပိုး ရောင်းချပေးရေးဆိုင်ရာကိစ္စရပ်များ၊လူစွမ်းအားအရင်း မြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာသင်ဆု ပေးအပ် ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက်အမှတ်(၁၁)၊ကမ္ဘာအေးဘုရားလမ်း ရန်ကုန်မြို့ရှိ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာန နှင့် JBIC တို့ ပူးတွဲတည်ထောင်ထားသည့် PPV Co. Ltd အတွက် The Tokyo Enterprise Co. Ltd မှ ရုံး ခန်းအဆောက်အဦ ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက် နေသည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး Project Promoting Vehicle (PPV) အရ ဆောင် ရွက်မည့် လုပ်ငန်းများသည် မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုမည် ဖြစ်သောကြောင့် လတ်တလော နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပွားနေသော်လည်း ရုံးတွင်း ပြင် ဆင်မှုလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အတတ် နိုင်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်ရုံးရှိ Dawei SEZ Company Limited, Special Purpose Vehicle - SPV မြန်မာရုံးခွဲနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။