FERD သတင်းများ


မြန်မာ-အမေရိကန် နှစ်နိုင်ငံအကြား လက်မှတ် ရေးထိုးထားသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်သဘောတူစာချုပ် (TIFA) ကို ယာယီရပ်တန့် ထားခြင်းကြောင့် Generalized System of Preferences (GSP) ခံစားခွင့်နှင့် အခြားဖြစ်ပေါ်လာနိုင်သည့် အကျိုး သက်ရောက်မှုများအပေါ် ဆွေးနွေးသုံးသပ်နိုင်ရန် အစည်းအဝေးတစ်ရပ်ကို Virtual စနစ်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဝါဝါမောင်ကဦးဆောင်၍ ကျင်းပ ပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာန နှင့် စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ် များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ရေထွက် ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ကြပါသည်။
အစည်းအဝေးတွင် TIFA ယာယီရပ်တန့်ထား ခြင်းကြောင့် သက်ရောက်နိုင်သည့် အခြေအနေများ၊ လက်ရှိကြုံတွေ့နေရသည့် အခြေအနေများ၊ ရှေ့ဆက် လက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် အခြေ အနေများအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ပါသည်။