FERD သတင်းများ


အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) ၂၀၂၅ လမ်းပြမြေပုံ အကောင်အထည်ဖော်မှု ကာလလယ် သုံးသပ်ချက် အစီရင်ခံစာအား Virtual Launch ပြုလုပ်ခြင်း အခမ်းအနားကို ၂၀၂၁  ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ရာ အာဆီယံစီးပွား ရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များ၊ အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိများနှင့်  ကိုယ်စားလှယ်များ၊  အာဆီယံစီးပွား ရေးအကြံပေးကောင်စီမှ ကိုယ်စားလှယ်များ၊အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ စုစုပေါင်း ကိုယ်စားလှယ် ၂၀၀ ဦးခန့် ပါဝင် တက်ရောက်ခဲ့ပါ သည်။ အဆိုပါ Virtual Launch တွင်  အာဆီယံ အတွင်းရေးမှူးချုပ် ၊ H.E.  Dato Lim Jock Hoi နှင့် အာဆီယံဆိုင်ရာ EU သံအမတ်ကြီး H.E. Igor Driesmans တို့က အမှာစကား ပြောကြားခဲ့ပါသည်။
အေအီးစီ ၂၀၂၅ (၂၀၁၆-၂၀၂၅) လမ်းပြ မြေပုံတွင် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ သွင်ပြင်လက္ခဏာရပ် (၅) ချမှတ်ထားပြီး ကဏ္ဍ (၂၃) ခုရှိ လုပ်ငန်းစဉ်ပေါင်း ၁၇၀၀ ကျော်ကို အကောင် အထည်ဖော်လျက်ရှိပါသည်။ အေအီးစီ၂၀၂၅ လမ်းပြ မြေပုံပထမနှစ်ဝက် (၂၀၁၆-၂၀၂၀) ကာလအထိ လုပ်ငန်းစဉ်များ၏ ၅၄.၁ ရာခိုင်နှုန်းကို အကောင် အထည်ဖော်ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ အေအီးစီ ၂၀၂၅ လမ်းပြမြေပုံ အကောင်အထည်ဖော်မှု ကာလလယ် သုံးသပ်ချက် အစီရင်ခံစာအား Virtual Launch ပြုလုပ်ခြင်း ရည်ရွယ်ချက်မှာ လမ်းပြမြေပုံ၏ ပထမ နှစ်ဝက်အတွင်း ဆောင်ရွက်ပြီးစီးခဲ့ခြင်းများ၊ ဒုတိယ နှစ်ဝက်အတွက် ရှေ့ဆက်လက် ဆောင်ရွက်ရန် အကြံပြုချက်များ အပါအဝင် အေအီးစီ၏ ဖြစ်ပေါ် တိုး တက်မှုများကို ပုဂ္ဂလိကကဏ္ဍအပါအဝင် Stake- holders များ သိရှိစေရန် ဖြစ်ပါသည်။ ကာလလယ် သုံးသပ်ချက်အစီရင်ခံစာကိုhttps://asean.org/storage/ 2021/ 04/ mid-term-review-report.pdf  တွင် ရယူနိုင်ပါသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ၏ Alternate SEOM leader ၊ နိုင်ငံခြားစီးပွားဆက်သွယ် ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်စောကလျာစု ဦးဆောင်သည့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပါသည်။