သတင်းများ

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်းနှင့် အမှုထမ်း ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (/၂၀၂၃) ဖွင့်ပွဲ အခမ်းအနား ကို နေပြည်တော်ရှိ ရုံးအမှတ် (၁)၊ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်၀၀ နာရီ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ် ပို့ချခဲ့သည်မှာ (၂/၂၀၂၃) ကြိမ်သို့ ရောက်ရှိ လာပြီဖြစ်ကြောင်း၊ သင်တန်းတွင် ၂၀၀၈- နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စီးပွားရေးဆိုင်ရာ ဥပဒေများ၊  နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ နိုင်ငံတော်အတွက် အဓိကလိုအပ်လျက်ရှိသော ဥပဒေရေးရာ အသိပညာများ၊   အာဆီယံစီးပွားရေးအသိုက်အဝန်းနှင့် သက်ဆိုင်သည့်အသိပညာများကို ထည့်သွင်း ပို့ချပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ ဝန်ထမ်းများအား ဥပဒေဆိုင်ရာဗဟုသုတများကိုပါ ထည့်သွင်း ပို့ချပေးခြင်းသည် ဥပဒေကိုသိရှိ နားလည်ပြီး စည်းကမ်းလိုက်နာသော တာဝန်သိ ဝန်ထမ်းကောင်းများ ဖြစ်စေလို၍ ဖြစ်ကြောင်း၊ သင်တန်းမှရရှိသော အသိအမြင်၊ ဗဟုသုတ များဖြင့် လုပ်ငန်းခွင်အတွင်း တာဝန်ကို ကျေပွန်စွာနှင့် ကျွမ်းကျင်စွာ ထမ်းဆောင်နိုင်သည့် ဝန်ထမ်းများဖြစ်လာသည့်အတွက်ဝန်ကြီးဌာန၏စွမ်းရည်မြင့်မားလာမည် ဖြစ် ကြောင်း၊ ပညာရပ်ဆိုင်ရာ စာတွေ့သင်ကြားရမှုမှတစ်ဆင့် လက်တွေ့ဖန်တီးနိုင်စွမ်းရှိမှသာ  တိုးတက် လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားတစ်ဦးစီ၏ အရည်အချင်း (Capability) တိုးတက်ကာ စွမ်းဆောင်ရည် မြင့်မားလာစေရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းတိုးတက် စေရေးသည် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် သင်တန်းမှရရှိသော အသိပညာများဖြင့် မိမိတို့ဌာန၏ အားနည်းချက်၊ အားသာချက်များကို ပိုမိုသိမြင်လာပြီး ပေးအပ်သည့် လုပ်ငန်း တာဝန်များကို နှောင့်နှေးမှုမရှိ အချိန်မီ ပြီးစီးအောင်မြင်အောင် ဆောင်ရွက်လာနိုင်မည်ဖြစ် ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ ကျွမ်းကျင်မှုနှင့် ဗဟုသုတများ တိုးတက်လာပါက အဖွဲ့ အစည်း တိုးတက်လာမည်ဖြစ်ပြီး “တစ်ဦးချင်းစီ၏ စွမ်းအားမှသည် နိုင်ငံ့စွမ်းအား” အထိ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (/၂၀၂၃) သို့ လူကိုယ် တိုင်နှင့် Online မှတစ်ဆင့် သင်တန်းသား/ သူ စုစုပေါင်း (၆) ဦး တက်ရောက်ကြပြီး အဆိုပါ သင်တန်းအား ၂၀၂၃ ခုနှစ်၊ မတ် ရက်နေ့မှ ဧပြီရက်နေ့အထိ (၁) လ ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။