ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရန်ကုန်မြို့အခြေစိုက် သီရိလင်္ကာသံရုံးမှ သံအမတ်ကြီး H.E. Ms. Prabashini Ponnamperuma အား ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ (အင်္ဂါနေ့) တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရေးဆိုင်ရာကိစ္စရပ်များနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။ အဆိုပါတွေ့ဆုံမှုသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ရန်ကုန်မြို့အခြေစိုက် သီရိလင်္ကာသံရုံးမှ သံအမတ်ကြီး H.E. Ms. Prabashini Ponnamperuma အား လက်ခံတွေ့ဆုံ