သတင်းများ



နေပြည်တော်၊ နိုဝင်ဘာလ ၁၂ ရက်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar နှင့်အဖွဲ့အား အဆိုပါဝန်ကြီးရုံး ဧည့်ခန်းမနှင့် လက်ခံတွေ့ဆုံ သည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား စီးပွားဆက်သွယ်ရေး နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။