သတင်းများ


နေပြည်တော်
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်
    ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှ   ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် စီးပွားရေးသတင်းရေးသားနည်းသင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ စီးပွားရေးသတင်းရေးသားနည်းသင်တန်းသို့ ပြင်ပ စီးပွားရေးသတင်းပညာရပ်ဆိုင်ရာ ကျွမ်းကျင် ဆရာများက လာရောက်ပို့ချပေးခဲ့ပြီး နေပြည်တော် (ရုံးချုပ်) ရှိ ဝန်ထမ်းများနှင့် ပြည်နယ်/ တိုင်းဒေသကြီးမှ ဝန်ထမ်းများအပါအဝင် အရာထမ်း/အမှုထမ်းစုစုပေါင်း (၈၀) နီးပါးခန့်တက် ရောက်ခဲ့ပါသည်။
    အဆိုပါသင်တန်းကို စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုလွယ်ကူ အဆင်ပြေစေရေးအတွက် ဝန်ကြီးဌာနမှ ဝန်ဆောင်မှုပေးလျက်ရှိသည့် လုပ်ငန်းများကို ပြည်သူများအားမှန်ကန်ထိရောက်သော အချက်အလက်များဖြင့် ပံ့ပိုးပေးပို့နိုင်ရေး၊ဝေဖန်ထိုး နှက်မှုများအပေါ် သတင်းအမှန်များဖြင့် ပြန်လည်တုံ့ပြန်နိုင်ရေးနှင့်ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။
     သင်တန်းပို့ချပေးခြင်းဖြင့် ဝန်ကြီးဌာန၏ ဝန်ထမ်းများအနေဖြင့် သတင်းရေးသား နည်းစနစ်များကို ပိုမိုနားလည်လာစေရန်၊ စီးပွားရေးသတင်းများရေးသားရာ၌ အများပြည်သူ သိရှိနိုင်ရေးအတွက် သတင်းအချက်အလက်ကို ခေတ်စနစ်နှင့်အညီ သဒ္ဒါအထားအသို မှန်ကန် ၍ ရှင်းလင်းပြတ်သားသော ဝါကျများဖြင့် ထိထိမိမိ ရေးသားတင်ပြနိုင်စေရန်၊ ဗဟုသုတများ ရရှိစေရန်၊ အဓိပ္ပာယ်ရှိရှိ မှန်မှန်ကန်ကန် ကောက်နှုတ်ရေးသားတင်ပြတတ်စေရန်နှင့် သတင်း တစ်ပုဒ်တွင်ပါဝင်ရမည့် အဓိကအချက်များ ပါဝင်ပြီး မှန်ကန်၍အဓိပ္ပါယ်ရှိသောအချက်အလက် များကို ကောက်နှုတ်ရေးသား တင်ပြလာနိုင်မည်ဖြစ်ပါသည်။
    သင်တန်းကို Physical နှင့် Virtual နှစ်မျိုးစလုံး Hybrid ပုံစံဖြင့် သင်ကြားပို့ချပေးခဲ့ပါသည်။