သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏  လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် () ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ရုံးအမှတ်(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်အမှာစကားပြောကြား ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်သည် တစ်ဦး ချင်းအတွက်ရော၊ အဖွဲ့အစည်းအတွက်ရော အရေးပါသဖြင့် မိမိတို့၏ အရည်အသွေးများကို တစ်နေ့ထက် တစ်နေ့ပိုမိုတိုးတက်လာအောင် ဆောင်ရွက်စေလိုပါကြောင်း၊ မိမိတို့ တာဝန် ထမ်း‌ ဆောင်နေသော ဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်တာများကို ကောင်းစွာ နားလည်သဘောပေါက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အကောင်အထည်‌ဖော်ဆောင်ရွက်ရာတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းဖြစ်အောင် ဖန်တီးပေးနေသောဌာနဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးမည့် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ခြင်း ခေါင်းစဉ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးအတွက် အရေးပါသဖြင့် သိရှိ နားလည်ဆောင်ရွက်နိုင်ရန်လိုပါကြောင်း ၊ ဖွံ့ဖြိုးမှုအကူအညီစံများနှင့် ဖွံ့ဖြိုးမှုအကူအညီပုံစံများကို ရှင်းလင်းဖော်ပြပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွင် ဂရုပြုရန်များရှိကြောင်း ပြောကြား ခဲ့သည်။

ဆွေးနွေးပွဲအခမ်းအနားတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးက “ဖွံ့ဖြိုးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်‌မှုများ” ကို အသေးစိတ် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းခြင်းနှင့် ဖြည့်စွက်ဆွေးနွေးခြင်းများ ကို ပြုလုပ်ကြပါသည်။                     

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ အဆင့်မြင့်အရာရှိများ၊  အရာထမ်း / အမှုထမ်းများ Online အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား (၁၀၀) ကျော် တက်ရောက်ကြပါသည်။