သတင်းများ

         ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲဖြစ်သူ Mr. Ashish Sharma အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ လက်ခံတွေ့ဆုံ သည်။

      ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက် မှုဆိုင်ရာကိစ္စရပ်များနှင့် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့်ဆောင်ရွက်မည့် အသေးစားဖွံ့ဖြိုးမှု စီမံကိန်းများနှင့် မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှု ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

           အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်‌ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။