သတင်းများ

၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌  ကျင်းပသည့် (၄၆) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်း အဝေး (Forty-Sixth Meeting of the High-level Task Force on ASEAN Economic Integration-46th HLTF-EI) သို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာအဆင့်မြင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင် (HLTF-EI Lead) ဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာဝါဝါမောင် ပါဝင်တက်ရောက်သည်။

အဆိုပါအစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊ လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ဦးစားပေးဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းစဉ်များ (Priority Economic Deliverables – PEDs) များ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း စီးပွားရေး မျှော်မှန်းချက်၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား လွတ်လပ်သောကုန်သွယ်မှုဒေသများ တည်ထောင်ရာတွင် တွေ့ကြုံရသည့် အသစ်နှင့် ပေါ်ထွန်းဆဲ (New and Emerging Issues) ကိစ္စရပ်များ၊ အာဆီယံဒေသတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာဗွန်လျှော့ချရေး ဆိုင်ရာ အာဆီယံမဟာဗျူဟာ အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊  ကောင်းမွန်သောစီမံမှုလုပ်ထုံးလုပ်နည်းနှင့်စပ်လျဉ်း၍ လျှပ်စစ်မော်တော်ယာဉ်နှင့် ဘက်ထရီထုတ်လုပ်မှု ဆိုင်ရာ ကောင်းမွန်သောစီမံမှုလုပ်ထုံးလုပ်နည်းများအတွက်  Pilot Project အနေဖြင့် ဆောင်ရွက် လျက်ရှိသည့်ကိစ္စရပ်များ၊  အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) မဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) (မူကြမ်း) ရေးဆွဲမှု ၊ ၂၀၂၅ အလွန် အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ) လေ့လာမှုနှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) လမ်းပြမြေပုံ -၂၀၂၅ ၏ အပြီးသတ်ကာလသုံးသပ်ချက် (End- Term Review- ETR of AEC Blueprint 2025) ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ ၂၀၂၅ ခုနှစ် မလေးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်ရန် ပြင်ဆင်မှုများနှင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပမည့် (၅၆) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့တင်ပြမည့် အကြံပြုချက်များအပေါ် ဆွေးနွေးညှိနှိုင်းကြပါသည်။

အစည်းအဝေးတွင် လာအိုနိုင်ငံ၊ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး၊ H.E. Dr. Manothong Vongsay က   အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြပါသည်။ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ကို အာဆီယံနိုင်ငံများ၏ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များဖြင့် ဖွဲ့စည်းထားပြီး၊ အာဆီယံစီးပွားရေးအသိုက်အဝန်း၏ လုပ်ငန်းများအကောင်အထည်ဖော်မှုနှင့် ရှေ့လုပ်ငန်းစဉ်များ အပေါ်ဆွေးနွေးညှိနှိုင်း၍ အာဆီယံစီးပွားရေးဝန်ကြီးများထံ အကြံပြုချက်များတင်ပြခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။