သတင်းများ

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ ၂၀၂ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့တွင် ကျင်းပသည့် (၂) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီအစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့  ပါဝင်တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၂၅ မတိုင်မီနှင့် ၂၀၂၅ အလွန် ဒေသတွင်း စီးပွားရေး မျှော်မှန်းချက်များ၊ ၂၀၂ ခုနှစ် လာအိုနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော်မှုအခြေအနေ၊ အေအီးစီ လမ်းပြမြေပုံ ၂၀၂၅ ၏ အပြီးသတ်ကာလ ပြန်လည်သုံးသပ်မှုအပါအဝင် လမ်းပြမြေပုံ အကောင်အထည်ဖော်မှု၊ ကဏ္ဍများ အကြား ပေါင်းစပ်အကောင်အထည်ဖော်ရမည့် စဉ်ဆက်မပြတ်ရေရှည်တည်တံ့မှု လုပ်ငန်း အစီအစဉ်များ၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးအစီအစဉ်နှင့် ၂၀၂၅ အလွန် အာဆီယံ အသိုက် အဝန်းမျှော်မှန်းချက်အရ အာဆီယံစီးပွားရေးအသိုက်အဝန်းမဟာဗျူဟာ စီမံချက်ရေးဆွဲမှုများ အပေါ် ဝန်ကြီးများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီမှ (၄) ကြိမ် (၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်း အဝေးများသို့ တင်ပြမည့်အစီရင်ခံစာအား အတည်ပြုခဲ့သည်။ အစည်းအဝေး၌ ၂၀၂ ခုနှစ် အတွင်း အာဆီယံ စီးပွားရေးအသိုက်အဝန်းအောက်ရှိ ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့များမှဆောင်ရွက်ခဲ့သည့် လုပ်ငန်း စဉ်များအား အတည်ပြုခြင်းနှင့် မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလာအိုနိုင်ငံ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်နေသည့် စီးပွားရေး လုပ်ငန်းစဉ်များအား ၂၀၂၄ ခုနှစ်အတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များက အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ အာဆီယံဒီဂျစ်တယ်စီးပွားရေး မူဘောင် သဘောတူစာချုပ် ညှိနှိုင်းမှုများအား ၂၀၂၅ ခုနှစ်တွင် အချိန်မီအပြီးသတ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက် ရန်နှင့် စဉ်ဆက်မပြတ်ရေရှည်တည်တံ့မှု လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်းပြီး  ကဏ္ဍများ အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်တို့ကို ပါဝင်ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးတွင် လာအိုနိုင်ငံ၊ စက်မှုနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး H.E. Malaithong Kommasith က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံ စီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးများ၊ အာဆီယံအဆင့်မြင့်စီးပွားရေးအရာရှိများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီး နှင့်အတူ လာအိုနိုင်ငံဆိုင်ရာ  မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကို၊ အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် တို့ပါဝင် တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့်  (၂) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာလ ၈ ရက်၊ ညနေပိုင်းတွင် လာအိုနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့သည်