သတင်းများ

မြန်မာနိုင်ငံ စီးပွားရေး ပညာရပ် (Economic) သင်ကြားမှု (၁၉၂၄-၂၀၂၄) နှစ် (၁၀၀) ရာပြည့်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေး ကို Hybrid စနစ်ဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ “စီးပွားရေးပညာ နှစ် (၁၀၀)” ရာပြည့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံတွင် စီးပွားရေးပညာရပ်သင်ကြားခဲ့မှုသည် ၂၀၂၄ ခုနှစ်တွင်    နှစ် (၁၀၀) ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ စီးပွားရေးပညာ နှစ် (၁၀၀) ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို “စီးပွားရေးပညာ နှစ် (၁၀၀)၊ ပြည်သူ့အကျိုးတို့သယ်ပိုး ဟူသော ဆောင်ပုဒ် နှင့်အညီ နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အခမ်းအနားကို စာတမ်းဖတ်ပွဲများ ၊ ပြခန်းများဖြင့် ၂ ရက်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ စာတမ်းများကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်‌ရေး၊ တည်ဆောက် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ အရည်အသွေး ပြည့်မီ သော၊ နိုင်ငံတော်တည်ဆောက်ရေးတွင် အထောက်အကူပြုနိုင်သော စာတမ်းများ ဖြစ်စေရေး   စာတမ်းရှင်များကို တိုက်တွန်းလိုကြောင်း၊ စီးပွားရေးပညာနှစ် (၁၀၀) ရာပြည့် အခမ်းအနား အထိမ်းအမှတ် သမိုင်းမှတ်တမ်းစာအုပ်ကို ထုတ်ဝေသွားမည်ဖြစ်ကြောင်း၊ အခမ်းအနား မတိုင်မီ တစ်ရက်တွင် စီးပွားရေးပညာရှင် ဆရာကြီး၊ ဆရာမကြီးများအား ဆရာကန်တော့ပွဲ ကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်းနှင့် အောင်မြင်စွာ‌ ကျင်းပနိုင်ရေး ဆပ်ကော်မတီ အသီးသီးက            ဝိုင်းဝန်းဆွေးနွေးအကြံပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။                           ဆက်လက်၍ ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ဆပ်ကော်မတီအသီးသီးက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုများနှင့်စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်း၊  ဆပ်ကော်မတီများ အနေဖြင့် ဦးဆောင်ကော်မတီနှင့် ချိတ်ဆက်၍ လမ်းညွှန်မှုခံယူဆောင်ရွက်ရန် လိုအပ် ကြောင်း၊ လုပ်ငန်းများအချိန်နှင့်တစ်ပြေးညီ‌ ပြီးစီးရေး အလေးထားဆောင်ရွက်ကြစေလို ကြောင်း ၊ မိမိတို့အနေဖြင့် စီးပွားရေးပညာရပ်၏ နှစ်ပတ်လည်ပွဲများကို အကောင်းဆုံး ဆောင် ရွက်ခဲ့သည့် အစဉ်အလာများ ရှိခဲ့ပြီးဖြစ်၍ ဆက်လက်ထိန်းသိမ်း ဆောင်ရွက်စေလိုကြောင်း၊ အသက် ၇၀ နှစ် နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား  ဆရာကန်တော့ပွဲ ဆောင်ရွက်နိုင် ရေးအတွက် ကြိုတင်ဆက်သွယ်ထားရှိရန် လိုအပ်ကြောင်း၊ အခမ်းအနားဆောင်ရွက်မည့် ရက် နီးကပ်လာသဖြင့် ဆပ်ကော်မတီများအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပါဝင်ဆွေးနွေးကြ စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာဝါဝါမောင်က ဦးဆောင် ကော်မတီအနေဖြင့် ဆပ်ကော်မတီများကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ကော်မတီများ အနေ ဖြင့် ဆုံးဖြတ်ပေးရန် ကိစ္စရပ်များရှိပါက ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုများ ရယူ‌ ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ စီးပွားရေးပညာ နှစ် (၁၀၀) ရာပြည့် အခမ်းအနားကို နိုင်ငံတော် အဆင့် ကျင်းပနိုင်ရေးအတွက် တင်ပြခွင့်ပြုချက်ရယူပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အစဉ် အလာရှိခဲ့သည်နှင့်အညီ  စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ရာပြည့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း တင်ပြ ဆွေးနွေးခဲ့သည်။

တက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ က ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားမှု အခြေအနေများကို တင်ပြ ဆွေးနွေး ကြသည်။ ထို့နောက် တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ဖိတ်ကြားထားသော စီးပွားရေးပညာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက တင်ပြဆွေးနွေးခဲ့ရာ ဦးဆောင် ကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့သည်။  

အစည်းအဝေးသို့ စီးပွားရေးပညာဘွဲ့ ရရှိထားသည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ စီးပွားရေးပညာရှင် ဆရာကြီး၊ ဆရာမကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေး ပညာအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များ၊ စီးပွားရေး ပညာဘွဲ့ရ ကျောင်းသား/ ကျောင်းသူဟောင်းများ တက်ရောက်ကြပါသည်။