သတင်းများ

        မြန်မာနိုင်ငံ “စီးပွားရေးပညာ နှစ် (၁၀၀)” ရာပြည့် အလှူရှင်များအတွက် ဂုဏ်ပြုပွဲ အခမ်း အနားကို Aureum Palace Hotel, Lake View Hall ၊ နေပြည်တော်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားကျင်းပရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာကံဇော် တက်ရောက်ပြီး ဂုဏ်ပြု အမှာစကားနှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ယခုလို မြန်မာနိုင်ငံ “စီးပွားရေးပညာ နှစ် (၁၀၀)” ရာပြည့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဖက်ဖက်မှ စေတနာ သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းပေခဲ့ကြသော စီးပွားရေးတက္ကသိုလ်များမှ စီးပွားရေးဘွဲ့ရ လုပ်ငန်းရှင်များ၊ ကျောင်းသား/ ကျောင်းသူ ဟောင်းများ ၊ စီးပွားရေးအဖွဲ့အစည်းများ၊ ငွေကြေးများလှူဒါန်းခဲ့ကြသလို ဝန်ဆောင်မှုများ၊ နေရာထိုင် ခင်းများ စီစဉ်ပေးခဲ့သော ဟိုတည် လုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းရှင်များအား ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် အခမ်းအနားကျင်းပရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာကံဇော်က “စီးပွားရေးပညာ နှစ် (၁၀၀)” ရာပြည့် အခမ်းအနားအတွက်  ငွေကျပ် သိန်း ၁၀၀ နှင့်အထက် အလှူရှင် ၇ ဦး အား လည်း‌ကောင်း၊ အခမ်းအနားကျင်းပရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ‌ဒေါက်တာခင်နိုင်ဦးက ဆရာကြီး၊ ဆရာမကြီးများနှင့် ဧည့်သည်တော်များအား တည်းခိုနေထိုင် ရေးနှင့် ဧည့်ခံကျွေးမွေးရေးတို့တွင် ကူညီပံ့ပိုးပေးခဲ့ကြသော အလှူရှင် ၉ ဦး အား လည်းကောင်း၊ ဦးဆောင်ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ငွေကျပ် သိန်း ၂၀ နှင့် အထက် အလှူရှင် ၆ ဦး အား လည်းကောင်း၊ ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဒုတိယ စာရင်းစစ်ချုပ် ‌ဒေါ်နိုင်သက်ဦးက ငွေကျပ် ၁၀ သိန်းနှင့် အထက် အလှူရှင် ၆ ဦး အား လည်းကောင်း၊ ဦးဆောင် ကော်မတီအဖွဲ့ဝင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်က ငွေကျပ် ၅ သိန်းနှင့် အထက် အလှူရှင် ၆ ဦး အား လည်းကောင်း ဂုဏ်ပြု မှတ်တမ်းလွှာများအသီးသီးပေးအပ်ခဲ့ပြီး အလှူရှင်များကိုယ်စား အလှူရှင်ဦးဇေယျသူရမွန် (Zeya & Associates Co.,Ltd) က ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။