၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပခဲ့သည်။
၂။ အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြ သော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက်ကြသည်။
၃။ အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ကိုဗစ် ၁၉ ချေးငွေ ကျပ် ဘီလီယံ ၂၀၀ မှ နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေသို့ ကျပ် ၅၀ ဘီလီယံ နှင့် အထွေထွေပိုလျှံ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ကျပ် ၁၅၀ ဘီလီယံ မှ ကျပ် ၆၈ ဘီလီယံ၊ စုစုပေါင်း ကျပ် ၁၁၈ ဘီလီယံကို ပြန်လည်ကောက်ခံပြီးစီးမှုနှင့် နိုင်ငံတော်သို့ ငွေပြန်လည်ပေးသွင်းမှု အခြေအနေ၊ ချေးငွေများပြန်လည်ပေးဆပ်ရန် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာချက်ထုတ်ပြန် ဆောင်ရွက် ခဲ့မှုအခြေအနေများ၊ ပြန်လည်ပေးဆပ်ဆဲနှင့် ပေးဆပ်ရန်ကျန်ရှိနေသည့် ချေးငွေများကို စီမံခန့်ခွဲမှု နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်မည့် အခြေအနေများကို ပြောကြားဆွေးနွေးသည်။
၄။ ထို့အပြင် ကိုဗစ် ၁၉ ရန်ပုံငွေမှ ငါး၊ ပုစွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများမှာလည်း ၂၀၂၅ ခုနှစ်အတွင်း ခွင့်ပြုပေးထားသည့် ချေးငွေ သက်တမ်း ပြည့်မြောက်တော့မည်ဖြစ်၍ ပြန်လည်ပေးဆပ်ရန် ကြိုတင်အသိပေး အကြောင်းကြားစာ ထုတ်ပြန်အကြောင်းကြားရေး ကိစ္စတို့ကို ဆွေးနွေးခဲ့သည်။
၅။ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ကိုဗစ် -၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက နိုင်ငံတော်သို့ ချေးငွေ ပြန်လည်ပေးသွင်းခဲ့မှု အခြေအနေ၊ ချေးငွေများ ပြန်လည်ကောက်ခံရရှိမှု အခြေအနေ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ချေးငွေကောက်ခံပေးသွင်းရန် ကျန်ရှိမှုအခြေအနေ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ချေးငွေစိစစ်ကြပ်မတ်ရေးအဖွဲ့များ နှင့် ပုဂ္ဂလိကဘဏ်များမှ ချေးငွေကောက်ခံပေးသွင်းရန် ကျန်ရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။
၆။ ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ သက်တမ်းစေ့ပြီး ချေးငွေပြန်လည် ကောက်ခံရရှိရေး အစီအစဉ်နှင့် နိုင်ငံ့ဘဏ္ဍာ ရန်ပုံငွေများကို လေလွင့်ဆုံးရှုံးမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ၊ ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေတို့အား ညှိနှိုင်းဆွေးနွေး အကြံပြု တင်ပြခဲ့ပါကြောင်း သတင်းရရှိပါသည်။